အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ အကျဉ်းဦးစီးဌာန ၊ မီးသတ်ဦးစီးဌာနစသည့် ဌာနကြီး(၅)ခုတွင်ပါဝင်သည့် ဦးစီးဌာန(၁)ခုဖြစ်ပါသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကို ဦးစီးဌာနချုပ်ရုံး ၊ ပြည်နယ်နှင့်တိုင်း(၁၄)ခုနှင့် နေပြည်တော်တိုင်း(၁)ခုတို့ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ချင်းပြည်နယ်ရှေ့တန်းရုံးအဖြစ်(၂)ခန်းတွဲ (၁)ထပ်ကို ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် ၁၅-၂-၁၉၉၈ ရက်နေ့၌ ကိုယ်ထူကိုယ်ထဖြင့်ဆောက်လုပ်ပြီး စတင်ဖွင့်လှစ်ခဲ့ပါသည်။ ချင်းပြည်နယ်ရုံးတွင် ပင်မရုံးအဆောက်အဦး (၁) လုံး ၊ (၆)ခန်းတွဲ(၂)ထပ်ဝန်ထမ်းအိမ်ရာ(၂)လုံးကို ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ်ခဲ့ပြီး(၂)ခန်းတွဲ(၁)ထပ်အရာရှိအိမ်ရာ(၁)လုံး ၊ (၄)ခန်းတွဲ(၂)ထပ်ဝန်ထမ်းအိမ်ရာ(၁)လုံး ၊ (၂)ခန်းတွဲ(၃)ထပ်ဝန်ထမ်းအိမ်ရာ(၁)လုံး ၊ (၆)ခန်းတွဲ(၁)ထပ် ၊ လူပျိုဆောင်(၁)လုံးတို့ကို ပြည်နယ်ရန်ပုံငွေဖြင့်ဆောက်လုပ်ခဲ့ပါသည်။ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ၊ ချင်းပြည်နယ်ရုံးကို ၂၀၀၀ပြည့်နှစ်တွင် ဟားခါးမြို့၌ အခြေစိုက်ဖွင့်လှစ်ထားရှိပြီး ခရိုင်ရုံးများကို ဖလမ်းမြို့နှင့်မင်းတပ်မြို့များတွင်လည်းကောင်း ၊ မြို့နယ်ရုံးများကိုမတူပီ ၊ ကန်ပက်လက် ၊ တီးတိန်မြို့များတွင်လည်းကောင်း ဖွင့်လှစ်၌ဌာန၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

ထလန်ဟရောန်လမ်း ၊ ဟားခါးမြို့

ဖုန်း ၀၇၀-၂၂၀၀၇ ၊ ၀၇-၂၁၈၄၂ ၊ ၀၇၀-၂၁၆၁၄ ၊ ၀၇၀-၂၁၆၁၉ ၊ ၀၇၀-၂၁၃၉၈

အချက်အလက်များ မတွေ့ပါ!

အချက်အလက်များ မတွေ့ပါ!