ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦမြေနေရာကို ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်ကွင်းဆင်းကြည့်ရှု

ဟားခါး                   ဇန်နဝါရီ                  ၂၉

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦ မြေနေရာအား ချင်းပြည်နယ် လူငယ်ရေးရာကော်မတီဉက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဒုတိယဉက္ကဌ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ခင်သူဇာ၊ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ ပြည်ထောင်စု ကိုယ်စားလှယ် ဆလိုင်းထန်းနိုင်းနှင့် တာဝန်ရှိသူများက ဇန်နဝါရီ ၂၈ ရက်နေ့က ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦတည်ဆောက်နိုင်ရေး နှင့်ပတ်သက်၍ ချင်းပြည်နယ် လူငယ်ရေးရာကော်မတီအဖွဲ့ဝင်တစ်ဦးက “ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)အဆောက်အဦဟာဆိုရင် ချင်းပြည်နယ်အတွင်း ပထမဆုံးအကြိမ် တည်ဆောက်မည့် အဆောက်အဦဖြစ်ပါတယ်၊ အခုကတော့ တည်ဆောက်မယ့် မြေနေရာကို ကွင်းဆင်းကြည့်ရှိတာပဲရှိပါသေးတယ်၊ ချင်းပြည်နယ်အတွင်းမှာ တကယ်ကို လိုအပ်တဲ့ အဆောက်အဦတစ်ခုလဲဖြစ်ပါတယ်၊ ကျွန်တော်တို့ မြေနေရာ ရတာနဲ့  (Center)အဆောက်အဦတစ်ခု တည်ဆောက်မယ်၊ ပြီးတော့ ဘောလုံး၊ ခြင်းလုံး၊ဘော်လီဘော အစရှိတဲ့အားကစားကွင်းတွေ ဆက်လက်တည်ဆောက်ဖို့ရှိပါတယ်၊ ပြီးတော့ ချင်းပြည်နယ်အတွင်းမှာ ရှိတဲ့လူငယ်တွေအတွက် ရည်ရွယ်ထားတာပါ၊ အားကစားဆိုရင် အားစကား၊ အနုပညာဆိုင်ရာတွေ လုပ်ချင်ရင် လုပ်လို့ရအောင် ရည်ရွယ်ပါတယ်၊ အားကစား ပစ္စည်းတွေ မျိုးစုံထားရှိပေးပါမယ်၊ လက်ရှိမှာ ရှိတဲ့ အားကစား ပစ္စည်းအချို့ကို လူမှုဝန်ထမ်းဦးစီးဌာနရုံးမှာ ထားရှိထားပါတယ်၊ အဆောက်အဦတည်ဆောက်ပြီး တာနဲ့ လူငယ်တွေအနေနဲ့ လူငယ်ရေးရာကော်မတီဆိုင်ရာ အစည်းအဝေးတွေ၊ ရုံးခန်းတွေအနေနဲ့ လည်းအသုံးပြုလို့ရအောင်ပါ”ဟု ပြောပြခဲ့ပါတယ်။

ချင်းပြည်နယ် လူငယ်ရေးရာကော်မတီ(Center)သည် ချင်းပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များအတွက် ရည်ရွယ်၍ ပထမဆုံးအကြိမ် ဖွင့်လှစ်မည့် ချင်းပြည်နယ် လူငယ်ရေးရာ ကော်မတီ(Center)အဆောက်အဦသစ်ဖြစ်ကြောင်း သိရှိရသည်။

ဟားခါးခရိုင်(ပြန်/ဆက်)

စာစုများ -