သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်ပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းဆောင်ရွက်

ဟားခါး                      ဇန်နဝါရီ                  ၂၉

ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းမပြုရန်အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်ပိုစတာစိုက်ထူခြင်းနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇန်နဝါရီ ၂၉ ရက် ယနံနက် ၉ နာရီက ဟားခါးမြို့၊ဗိုလ်ချုပ်လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 အဆိုပါဆောင်ရွက်ရာ ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဇော်လွင်ဝင်းနှင့် ဝန်ထမ်းများက သဘာဝငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်း မဟုတ်သည့် ငါးအမျိုးအစားတွင် အာဖရိက ငါးခူ၊ ပြည်ပ ငါရံ့၊ ပြည်ပမျိုးစိတ် အလှမွေးငါး (ပီးကော့)နှင့်စုပ်ခွက်ငါး စသည့် ငါးအမျိုးအစား(၄)မျိုးကို မွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ် နှိုးဆော်ချက် ပိုစတာနှင့် လက်ကမ်းစာစောင်များအား ပြည်သူများသိရှိနိုင်စေရေးဆောင်ရွက် ခဲ့ကြပါသည်။

ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ ငါးသယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများမွေးမြူခြင်းဆိုင်ရာ သတိပေးတားမြစ်ချက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပေါ်များအပြင် ကျေးရွာများအထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ချင်းပြည်နယ်အတွင်း လက်ရှိတွင် ငါးသားဖောက်စခန်း (ရမ်ထလို)နှင့် ငါးသားဖောက်စခန်း(ခိုင်ကမ်း)စသည့် စခန်း(၂)ခုမှ တစ်နှစ်လျှင် ငါးသားပေါက် အကောင်ရေ (၅)သိန်းကျော် ဖြန့်ဝေလျက်ရှိကြောင်းနှင့် ငါးသားဖောက်စခန်း(ထင်ချောင်း) တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးဇော်လွင်ဝင်းထံမှ သိရှိရသည်။

စာစုများ -