ဖလမ်းမြို့အတွင်း စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိ မရှိလိုက်လံစစ်ဆေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်အဆင့်ဌာဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ကျွန်တော်တို့ ဖလမ်းမြို့ပေါ်မှာ စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိမရှိ ကျွန်တော်တို့က တစ်အိမ်တက်ဆင်းပြီးတော့မှ စစ်ဆေးရတဲ့ သဘောပါ။ ပွင့်လင်းရာသီ ရောက်ပြီဖြစ်တဲ့အတွက် ရပ်ကွက်အတွင်းမှာ လုံးဝရောင်းချခြင်းမပြုအောင် ကျွန်တော်တို့က အသိပေးပြီးတော့မှနောက်ပိုင်းရောင်းလာခဲ့လို့ရှိရင် ဉပဒေအရအရေးယူမှာဖြစ်ကြောင်းကို လည်းပြည်သူတွေသိအောင် အသိပေးတဲ့လုပ်ငန်းကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟုဖလမ်းမြို့ နယ် မီးသတ်ဦးစီးမှူး ဦးဘွေမောင်းထန် ကပြောသည်။မြို့အတွင်းတွင် စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိ မရှိ စစ်ဆေးရာတွင်မြို့နယ်မီးသတ်ဦးစီးမှူး နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများအနေဖြင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး မြို့အတွင်းတွင် စက်သုံးဆီသိုလှောင်/ရောင်းချခြင်းမပြုရေးအသိပ ညာပေးခဲ့သည်။ ဖလမ်းမြို့ရှိဒေသခံပြည်သူများအနေဖြင့် မြို့အတွင်းတွင် စက်ဆုံးဆီ သို လှောင်/ရောင်းချခြင်းတွေ့ရှိပါက မြန်မာနိုင်ငံမီးသတ်ဉပဒေ ပုဒ်မ-၃၄ ဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှသိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဖလမ်းမြို့အတွင်း စက်သုံးဆီ သိုလှောင်/ရောင်းချခြင်း ရှိ မရှိ လိုက်လံစစ်ဆေးဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!