COVID-19 ကူးစက်ရောဂါများ ပြန်လည်ဖြစ်ပွားမှု များပြားလာပါသဖြင့် လူစုလူဝေးဖြင့် ဆောင်ရွက်ရသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းနှင့် အတူ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်းလုပ်ငန်းများကို (၃.၉.၂၀၂၀) ရက်မှ စ၍ ခေတ္တရပ်ဆိုင်းထားပါကြောင်းနှင့် ပြန်လည်ဖွင့်လှစ်မည့်ရက်အား ကြိုတင်အသိပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန
ပြည်နယ်ရုံး(ဟားခါး)